Friday, January 13, 2012

TRYING TO INSERT JUMP BREAK IN BLOG

သက္ကောဆွမ်းကြီးလောင်းပွဲ အစဉ်အလာမပျက် ကျင်းပ

Share
ရန်ကုန်၊ ဇန်နဝါရီ ၉
အစဉ်အလာမပျက် နှစ်စဉ် ကျင်းပမြဲဖြစ်သော ချောင်းဆုံမြို့နယ် သက္ကောကျေးရွာအုပ်စု၏ ဆွမ်းကြီးလောင်းပွဲတော်ကို ပြာသိုလပြည့်နေ့ (ဇန်နဝါရီ ၇ ရက်နေ့)တွင် ကျင်းပခဲ့ကြောင်း သိရသည်။ သက္ကောကျေးရွာအုပ်စုတွင် သက္ကော၊ ကော်လမိုင်းနှင့် ဝါးကျိုက် ကျေးရွာတို့ပါဝင်ပြီး ရပ်နီးရပ်ဝေးမှ သံဃာအပါး ၅ဝဝ ကျော်ကို ပင့်ဖိတ် ကာ ဆွမ်းဆန်နှင့် အခြားလှူ ဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းကပ်ခြင်းတို့ကို အစဉ်အလာမပျက် ကျင်းပခဲ့သည် ဟု သက္ကောရွာသားဦးရဲထွဋ် က ပြောသည်။”လာသမျှ ဧည့်သည်တွေကို လည်း အိမ်တိုင်းကဖိတ်ပြီး ဧည့်ခံ ကျွေးမွေးတယ်။ ဆွမ်းကြီးလောင်းပွဲ ကျင်းပနေတာ နှစ်ငါးဆယ်မက တော့ပါဘူး”ဟု ၄င်းကပြောသည်။ သက္ကောကျေးရွာအုပ်စုမှ ပြည် သူအများစုမှာ ထိုင်းသို့သွားရောက် ၍ အလုပ်လုပ်ကိုင်မှုများခြင်းကြောင့် ငွေကြေးအဆင်ပြေမှုများလာကြောင်း၊ ထို့ကြောင့် ဆွမ်းကြီးလောင်းပွဲမှာ တစ်နှစ်ထက်တစ်နှစ် ပိုစည်ကား လာကြောင်း ၄င်းကထပ်လောင်း ပြောသည်။
လင်းဦး  
Share
ဆက်နွယ်သည့် သတင်းများ

ပညာ

No comments:

Post a Comment